Back to general
1 min read

မီးရထား

မီးရထားများမပေါ်မီက ဝန်များကို အမြန်ဆုံး သယ်လိုပါက မြင်း၊ကုလားအုတ်စသည်များကို သုံးသည်။ မီးရထားပေါ်လာသောအခါ ပို့ဆောင်ရေးလုပ်ငန်း ပြောင်းလဲလာသည်။ ၁၉ရာစုတွင် ရေနွေးငွေ့စက်ခေါင်းများသည် လူအများမျှော်မှန်းထားသည်ထက် ပိုမြန်ပြီး ဝန်ပိုဆွဲနိုင်ခဲ့သည်။

အမေရိကန်ကဲ့သို့သော အချို့နိုင်ငံများတွင် လူအရောက်နည်းသည့်ဒေသများတွင် ရထားလမ်းဖောက်လုပ်သဖြင့် မြို့သစ်များ ပေါ်လာသည်။ စက်မှုထွန်းကာလာသည်။ ကွင်းပြင်များသည် လယ်ယာမြေအဖြစ်သို့ ပြောင်းလဲလာသည်။

ယနေ့ မီးရထားသည် ပို့ဆောင်ရေး၏ သွေးကြောဖြစ်သည်။ ခေတ်မီစက်ခေါင်းများသည် များသောအားဖြင့် လျှပ်စစ်နှင့် ဒီဇယ်စက်ခေါင်းကြီးများ ဖြစ်ကြသည်။

လီနီယာမော်တာ ကားရထား