| အရှည် (မိုင်) | 4.96 |
| အမျိုးအစား | ဇကလမ်း |
၂၀၀၅ခုနှစ် ဒဂုံတက္ကသိုလ်တည်ဆောက်ပြီးနောက် ၂၀၀၅ခုနှစ် ဧပြီလတွင် စတင်တည်ဆောက်ခဲ့ပြီး ဘူတာသစ်ကို အောက်တိုဘာလတွင် ပြီးစီးခဲ့သည်။ ရန်ကုန်မြို့ပတ်လမ်းပိုင်းနှင့် တိုးကြောင်းကလေးမှ ချိတ်ဆက်ဖောက်လုပ်ထားသော လမ်းပိုင်းဖြစ်သည်။ အဆိုပါတစ်ဆင့် မင်္ဂလာဒုံဘူတာနှင့် မင်္ဂလာဒုံ ပုလဲမြို့သစ်၊ ထောက်ကြန့်၊မိုးကြိုးပစ်ဘူတာအထိ ရန်ကုန်အပြင်မြို့ပတ်လမ်းပိုင်းအဖြစ် ဆက်လက်တည်ဆောက်ရန် လျာထားခဲ့သည်။
အဆိုပါ မြို့ပတ်ရထားလမ်းဖောက်လုပ်ရေး လုပ်ငန်းသည် ဒဂုံတက္ကသိုလ်ဘူတာမှ ပုလဲ၊ ရွှေနံ့သာ၊ နွယ်ခွေ၊ ထောက်ကြန့်၊ ထိန်စွန်း၊ ကန့်ဘွေးကုန်း၊ ကွမ်းခြံကုန်း ဘူတာများကို ဖြတ်သန်း၍ မိုးကြိုးပစ်ဘူတာသို့ ဆက်သွယ်ဖောက်လုပ်မည်ဖြစ်သည်။ ဒါ့အပြင် ဒဂုံတက္ကသလိုလ်၊ ပုလဲ၊ ရွှေ့နံ့သာ၊ နွယ်ခွေဘူတာများကို ဖြတ်သန်း၍ ပတ္တမြား၊ ပုလဲမှတစ်ဆင့် မင်္ဂလာဒုံဘူတာသို့လည်း ဆက်သွယ်ဖောက်လုပ်သွားမည်ဖြစ်သည်။
ထိုစဥ် လက်မှတ်နှုန်းထားခမှာ ၁၀ကျပ်ဖြစ်ပြီး လသုံးလက်မှတ်နှုန်းထားမှာ ၂၃၀ကျပ်ဖြစ်သည်။ ရန်ကုန်ဘူတာကြီးမှ ဒဂုံတက္ကသလိုလ်သို့ နံနက် ၅နာရီ ၂၅မိနစ် မှ ညနေ ၄နာရီ ၁၅မိနစ်အတွင်း အသွားအပြန် စုစုပေါင်း အခေါက် ၂၀ ပြေးဆွဲပေးခဲ့သည်။



ဘူတာရုံများ
- (42) တိုးကြောင်ကလေး ၇ ၁/၄
- (46) ဒဂုံတက္ကသိုလ် ၁၂.၂၁
အချက်အလက်များ
| နေ့ရက် | လမ်းပိုင်း အစ | လမ်းပိုင်း အဆုံး | အရှည် (မိုင်) | အရှည် (ကီလိုမီတာ) |
|---|---|---|---|---|
| စတင် ဖွင့်လှစ်ခြင်း | ||||
| ၀၄.၀၃.၂၀၀၆ | တိုးကြောင်ကလေး | ဒဂုံတက္ကသိုလ် | 5.0 | 8.0 |
မြေပုံ
