Back to network
2 min read

တိုးကြောင်ကလေး - သီလဝါ

Category: တိုင်းအမှတ်(၇) Date: January 31, 2025 11:26 AM

တိုးကြောင်ကလေးဘူတာမှ သီလဝါရေနက်ဆိပ်ကမ်းသို့ ဖောက်လုပ်ထားသော လမ်းပိုင်းဖြစ်သည်။ ယခင်သန်လျင်ဘက်တွင် သန်လျင်ရေနံလုပ်ငန်းမှ စက်ရုံပိုင်ရထားလမ်းများ ရှိသော်လည်း ယခုရထားလမ်းမှာ နောက်ထပ်သီးခြားရထားလမ်းဖြစ်သည်။

ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်းဟောင်းသည် ရေနက်လုံလောက်မှု မရှိခြင်း သင်္ဘောကြီးများ ဆိပ်ကမ်းသို့ မရောက်နိုင်ခြင်းကြောင့် ရန်ကုန်မြို့အရှေ့တောင်ဘက် သီလဝါတွင် ရေနက်ဆိပ်ကမ်း အသစ်တစ်ခု တည်ဆောက်ခဲ့ပြီး ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

သို့သော်လည်း သီလဝါဆိပ်ကမ်းသည် မီးရထားလမ်းကွန်ရက်နှင့် ချိတ်ဆက်ရန် ခြောက်နှစ်ကြာခဲ့သည်။ မြစ်ကူးတံတားမပါဝင်ဘဲ ဆယ်နှစ်စောပြီး ၁၉၉၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် တိုးကြောင်ကလေး - အုတ်ဖိုစု လမ်းပိုင်းကို စတင်ဖွင့်လှစ်ခဲ့သည်။

အုတ်ဖိုစု - သီလဝါလမ်းပိုင်းအား ၂၀၀၃ခုနှစ် မေလ ၂၀ရက်မှ စတင်ဖောက်လုပ်ခဲ့ပြီး နိုဝင်လာ ၁၀ရက်နေ့တွင် ပြီးစီးခဲ့သည်။ တရားဝင်အနေဖြင့် ၂၀၀၃ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

image.png

ဘူတာရုံများ

  • (42) တိုးကြောင်ကလေး ၇ ၁/၄
  • (47) စက်မှုဇုန် (၁) ၉
  • သန်လျင်တံတား
  • (48) အောင်သုခ ၁၃/၁၁
  • (49) အုတ်ဖိုစု 14/13 ရထားလမ်းခွဲ (၅၂) အရှေ့ပိုင်းတက္ကသိုလ် (သန်လျင်) (၂၀၀၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့)
  • (50) ဂျမား -
  • (51) သီလဝါ -

အချက်အလက်များ

နေ့ရက်လမ်းပိုင်း အစလမ်းပိုင်း အဆုံးအရှည် (မိုင်)
စတင် ဖွင့်လှစ်ခြင်း
၃၁.၀၇.၁၉၉၃တိုးကြောင်ကလေးအုတ်ဖိုစု8.5
၁၅.၁၁.၂၀၀၃အုတ်ဖိုစုသီလဝါ8.3

ကိုးကား