ဒါးပိန် - လှော်ကားအင်း
Category: တိုင်းအမှတ်(၇) Date: January 31, 2025 12:46 PM
ရန်ကုန် - မန္တလေး ရထားလမ်းပေါ်ရှိ ဒါးပိန်ဘူတာမှ လှော်ကားအင်းသို့ ဖောက်လုပ်ထားသော လမ်းပိုင်းဖြစ်သည်။ လမ်းခရီးမိုင် ၂၀.၅ မိုင်ရှည်လျားပြီး ၁၉၈၉ခုနှစ် မတ်လ ၂၇ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ဘူတာရုံ (၈) ရုံပါဝင်သည်။ ယင်းမတိုင်ခင် ၁၉၆၃ခုနှစ် ဇူလှိုင်လ ၁ရက်နေ့တွင် ဒါးပိန်နှင့် အင်းတိုင်ဘူတာများတွင် ပစ္စည်းသိုလှောင်ရေးအတွက် ဆိုက်ဒင်များ ဖွင့်လှစ်ခဲ့ဖူးသည်။ စာရေးသူအနေနဲ့ ရထားလမ်းနဲ့ပတ်သတ်သော အခြားသောအချက်အလက်များ မတွေ့ရှိပါ။
ဘူတာရုံများ
- (45) ဒါးပိန် ၂၂ ၁/၂
- (53) ရိပ်လေး ၂၅ ၁/၂
- (54) အင်းတိုင် ၃၀ ၁/၂
- (55) ရဲမွန် ၃၅ ၁/၂
- (56) မဒေါ့ပင် ၃၈
- (57) ရဲညွန့် -
- (58) စာဗူးတောင်း -
- (59) နိုဗာထွန်း -
- (60) လှော်ကားအင်း ၄၄
အချက်အလက်များ
| နေ့ရက် | လမ်းပိုင်း အစ | လမ်းပိုင်း အဆုံး | အရှည် (မိုင်) |
|---|---|---|---|
| စတင် ဖွင့်လှစ်ခြင်း | |||
| ၂၇.၀၃.၁၉၈၉ | ဒါးပိန် | လှော်ကားအင်း | 20.5 |