လက်ပံတန်း-သာရဝေါ
Category: တိုင်းအမှတ်(၆) Date: February 12, 2025 8:00 PM
ပြည်မြို့နှင့် မန္တလေးမြို့များသို့ ရထားများ ဖောက်လုပ်ပြီးနောက် မတ္တရာ၊ မြစ်ကြီးနား၊ ကသာ၊ ကွမ်းလုံမြို့များသို့ ရထားမ်းများ ဆက်လက် တိုးချဲ့ဖောက်လုပ်လာခဲ့ရာ ၁၉၀၄ခုနှစ် ပုသိမ်မြို့သို့ ရောက်ရှိလာသည်။ ကနဦးအနေနဲ့ ကုန်ရထားများအတွက် ၃.၁၈မိုင်အရှည်ရှိ ဆိပ်ကမ်းနှင့် ပုသိမ်မြို့ဆင်ခြေဖုံးတွင် စတင်ဖောက်လုပ်ခဲ့ရာ နောက်တွင် ပုသိမ် - ဟင်္ဿတ၊ ဟင်္ဿတ ၊ ဟင်္သာတ - ဆိပ်ကမ်း နှင့် သာရဝေါ - လက်ပံတန်း အထိရောက်ရှိလာခဲ့သည်။
ပုသိမ်မြို့ ဆိပ်ကမ်းနှင့် ဆင်ခြေဖုံးရထားလမ်များမှာ လက်ရှိတွင် အသုံးမပြုတော့သော်လည်း ရထားလမ်းများနှင့် လမ်းအူကြောင်းများ ကျန်ရှိနေသေးသည်။ တချို့နေရာများတွင် ကျူးကျော်နေထိုင်သူများလည်း တွေ့ရသည်။
ဒါ့အပြင် ဟင်္သာတဘူတာမှ ဆိပ်ကမ်းသို့ သွားရာ ရထားလမ်းလည်း ကျန်ရှိသေးသည်။ အဆိုပါရထားလမ်းမှ ပုသိမ်သို့ ရထားတွဲနှင့် မီးရထားစက်ခေါင်းများ သင်္ဘောဖြင့် ပေးပို့ခြင်းများ လုပ်ဆောင်ခဲ့ကြသည်။ သို့သော်လည်း မြစ်ရေစီးကြောင်းပြောင်းလဲမှုကော ရေကောပြီး လက်ရှိတွင် ဆိပ်ကမ်းမှာ မြေကြီးများဖြစ်နေပြီး ရထားလမ်းမှာ အသုံးပြုခြင်း မရှိတော့ပေ။
| နေ့ရက် | လမ်းပိုင်း အစ | လမ်းပိုင်း အဆုံး | အရှည် (မိုင်) | မှတ်ချက် |
|---|---|---|---|---|
| စတင် ဖွင့်လှစ်ခြင်း | ||||
| ၁၅.၁.၁၉၀၄ | ပုဆိပ်ဆင်ခြေဖုံးလမ်း | ၃.၁၈ | ကုန်ရထားများအတွက်သာ | |
| ၁၅.၁၂.၁၉၀၃ | ပုသိမ် | ဟင်္ဿတ | ၈၂.၂၅ | |
| ၂၀.၃.၁၉၀၃ | ဟင်္ဿတ | ဟင်္ဿတဆိပ်ကမ်း | ၂.၄၆ | |
| ၂၀.၃.၁၉၀၃ | သာရဝေါ | လက်ပံတန်း | ၂၃.၀၇ |
ဘူတာရုံများ
(56) လက်ပံတန်း ၇၇ ၁/၄
(84) ညောင်ဝိုင်း ၈၁ ၃/၄
(85) ကျောင်အိုင် ၈၄ ၁/၂
(86) ခပုံဆိပ် ၈၇
(87) သံဖြူရုံ ၉၄
(88) ကညင်တို ၉၄ ၃/၄
(89) ဇီးဖြူကုန်း ၉၅ ၁/၂
(90) ဇီးဖြူကုန်းရွာမ ၉၆ ၃/၄
(91) သရဝေါ ၁၀၀ ၃/၄ <—ကူးတို့ဖြင့်—> ဟင်္သာတ ၁၀၉ ၁/၂ (တိုင်းအမှတ် (၉))
ကိုးကား
နှစ်တရာ မီးရထား စာ-၂၈