Back to network
2 min read

အုတ်ဖိုစု - အရှေ့ပိုင်းတက္ကသိုလ်

Category: တိုင်းအမှတ်(၇) Date: January 31, 2025 11:47 AM

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်လမ်းပိုင်းသည် ရန်ကုန်တိုင်း သန်လျင်မြို့ အုတ်ဖိုစုဘူတာမှ ခွဲထွက်သော လမ်းပိုင်းဖြစ်ပြီး ခရီးလမ်းပိုင်း ၃.၃မိုင်၊ သံလမ်းပိုင်း ၃.၉မိုင်ရှိကာ တံတားငယ် စုစုပေါင်း ၁၀စင်းပါရှိသည်။

ယင်းရထားလမ်းပိုင်းကို ၂၀၀၆ခုနှစ် မတ်လ ၂၇ရက်နေ့ စတင်ဖောက်လုပ်ပြီး မေလ ၂၀ရက်တွင် သံလမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးခဲ့သည်။ တည်ဆောက်ကြာချိန် နှစ်လနှင့်ခုနှစ်ရက် ကြာမြင့်ခဲ့သည်။ ဇွန်လ ၁ရက်တွင် ရထားများစတင်ပြေးဆွဲသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရထားတွဲဆိုင်းသည် ငါးတွဲပါရှိပြီး တစ်တွဲလျှင် ထိုင်စီးခရီးသည် ၆၀နှင့် ရပ်စီးခရီးသည် ၁၀၀ဦး တင်ဆောင်နိုင်ခဲ့သည်။

ရန်ကုန်ဘူတာကြီးမှ အရှေ့ပိုင်းတက္ကသိုလ်သို့ အသွားအပြန် စုစုပေါင်း ၁၂ခေါက် ပြေးဆွဲခဲ့သည်။ ရန်ကုန်မှ မနက် ၆နာရီ၁၅မိနစ်မှ အစောဆုံးထွက်ခွာပြီး အရှေ့ပိုင်းတက္ကသိုလ်မှ ည ၇နာရီခွဲအချိန် နောက်ဆုံးထွက်ခွာသည်။ စီးနင်းကြာမြင့်ချိန် တစ်နာရီ ၅၅မိနစ် ကြာမြင့်သည်။

ထိုစဥ်က ရထားလက်မှတ်နှုန်းထားမှာ ရန်ကုန်မှ အရှေ့ပိုင်းတက္ကသိုလ်အထိ ၂၀ကျပ် ဖြစ်သည်။ လသုံးလက်မှတ်ခမှာ ကျပ်၄၆၀ ဖြစ်သည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရထားလမ်းခွဲမှ ယခင်ကမ္ဘာစစ်အတွင်း ပြန်လည်တည်ဆောက်ခြင်း မပြုနိုင်ခဲ့သော ပဲခူး-သုံးခွ ရထားလမ်းဟောင်းနဲ့ ချိတ်ဆက်ဖောက်လုပ်ရန် လျာထားခဲ့သည်။ အဆိုပါရထားလမ်းအတွက် လမ်းအူကြောင်းအား ပဲခူးအထိ ဖောက်လုပ်ပြီးဖြစ်သည်။

image.png

image.png

ဘူတာရုံများ

  • (42) တိုးကြောင်ကလေး ၇ ၁/၄
  • (47) စက်မှုဇုန် (၁) ၉
  • သန်လျင်တံတား
  • (48) အောင်သုခ ၁၃/၁၁
  • (49) အုတ်ဖိုစု 14/13 ရထားလမ်းခွဲ (၅၂)
  • အရှေ့ပိုင်းတက္ကသိုလ် (သန်လျင်)

အချက်အလက်များ

နေ့ရက်လမ်းပိုင်း အစလမ်းပိုင်း အဆုံးအရှည် (မိုင်)
စတင် ဖွင့်လှစ်ခြင်း
၁.၀၆,၂၀၀၄အုတ်ဖိုစုအရှေ့ပိုင်းတက္ကသိုလ်3.4

ကိုးကား