မင်္ဂလာပါ။
အေဇီးရိုးဝမ်း စာမျက်နှာသည် မြန်မာပြည်မီးရထားကို စိတ်ဝင်စားသည့် ဝါသနာရှင်တစ်ဦးမှ စုစည်းဖန်တီးထားသော အင်တာနက်စာမျက်နှာတစ်ခု ဖြစ်ပါသည်။
ယခုအင်တာနက်စာမျက်နှာသည် ဝါသနာရှင်တစ်ဦး၏ ကိုယ်ပိုင်ဝါသနာအရ မျှဝေခြင်းသာ ဖြစ်ပါသည်။ ကျွန်ုပ်သိသမျှ၊ လေ့လာမိသမျှ အချက်အလက်များကို စနစ်တကျ စုစည်းကာ အခြားစိတ်ဝင်စားသူများအား အကျိုးပြုရန် ရည်ရွယ်ပါသည်။ ဤနေရာတွင် ဖော်ပြထားသော အကြောင်းအရာများသည် မည်သည့်အဖွဲ့အစည်း၊ လုပ်ငန်းနှင့်မှ မသက်ဆိုင်ဘဲ ဝါသနာရှင်တစ်ဦး၏ စုဆောင်းမှုနှင့် အတွေ့အကြုံမျှဝေမှုသာ ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ အခြေခံမူများ
-
မူပိုင်ခွင့်ကို လေးစားခြင်း
- အခြားသူများ၏ ဓာတ်ပုံနှင့် ဗီဒီယို ခွင့်ပြုချက်မရှိဘဲ အသုံးမပြုပါ။ မူပိုင်ရှင်က တောင်းဆိုပါက ချက်ချင်း ဖယ်ရှားပေးမည်။
- လုပ်ငန်းခွင်အတွင်း ခွင့်ပြုချက်မရှိခြင်းနှင့် ဝင်ရောက်ရိုက်ကူးခြင်းများ မပြုလုပ်ပါ။
-
အချက်အလက်များ၏ တိကျမှု
- ဤစာမျက်နှာရှိ အချက်အလက်များကို စာအုပ်စာတမ်း၊ သတင်းဆောင်းပါးများ၊ အင်တာနက်အရင်းအမြစ်များမှ စုဆောင်းထားပါသည်။
- သို့ရာတွင် ၁၀၀% တိကျမှန်ကန်မှုကို အာမမခံနိုင်ပါ။
-
မျှဝေအသုံးပြုမှု
- CC BY-SA (Creative Commons Attribution-ShareAlike) လိုင်စင်ဖြင့် မျှဝေထားသော အကြောင်းအရာများကို သတ်မှတ်စည်းမျဉ်းနှင့်အညီ အသုံးပြုပါသည်။
ဤစာမျက်နှာအား “အေဇီးရိုးဝမ်း” ဟု အမည်ပေးရခြင်းမှာ မြန်မာနိုင်ငံတွင် ပထမဆုံးပြေးဆွဲခဲ့သော ရထားစက်ခေါင်း၏ အမည်ကို ဂုဏ်ပြုသောအားဖြင့် ဖြစ်ပါသည်။ ဤစက်ခေါင်းသည် မြန်မာ့မီးရထားသမိုင်း၏ အစဉ်အလာအရေးပါသော အမှတ်လက္ခဏာတစ်ခုဖြစ်သည့်အတွက် ရွေးချယ်ထားခြင်း ဖြစ်ပါသည်။
ဤသည် မည်သည့်အဖွဲ့အစည်း၊ လုပ်ငန်းနှင့်မှ သက်ဆိုင်ခြင်းမရှိဘဲ၊ မြန်မာပြည်မီးရထားအပေါ် စိတ်ဝင်စားမှု၊ လေ့လာမှုများကို အခြားသူများနှင့် ဖလှယ်ရန် ရည်ရွယ်ပါသည်။ ဤနေရာရှိ အချက်အလက်များကို အခြားနေရာများတွင် ကိုးကားလိုပါက မူရင်းအရင်းအမြစ်များနှင့် ပြန်လည်တိုက်ဆိုင်စစ်ဆေးရန် တိုက်တွန်းအပ်ပါသည်။
အမှားအယွင်း သို့မဟုတ် ဖြည့်စွက်စရာများ တွေ့ရှိပါက sayhello.a01@gmail.com သို့ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။ ဤစာမျက်နှာကို ဆက်လက်မွမ်းမံနိုင်ရန် အကြံပြုချက်များကိုလည်း ကြိုဆိုပါသည်။
ကျေးဇူးတင်ပါသည်။