History

မီးရထားဆက်သွယ်ပို့ဆောင်ရေးသမိုင်းကြောင်း

၁၈၆၆ ခုနှစ်

၁၈၆၈ ခုနှစ်

၁၈၇၄ ခုနှစ်

  • စက်တင်ဘာလတွင် ရန်ကုန်-ပြည် ရထားလမ်း ဖောက်လုပ်ရေးကို အိန္ဒိယအစိုးရမှ လက်ခံ၍ စတင်ဖောက်လုပ်သည်။
  • ဘားမားကုမ္ပဏီလီမိတက်က ရန်ကုန်-တောင်ငူ လမ်းပိုင်း ဖောက်လုပ်ရန် အစိုးရအား အဆိုပြုသည်။

၁၈၇၇ ခုနှစ်

  • မေလ(၁)ရက်နေ့ ရန်ကုန်-ပြည် ရထားလမ်းဖွင့်လှစ်၍ ပထမဆုံး ရထားပြေးဆွဲသည်။
  • အောက်တိုဘာလတွင်ရှိသည့် ရန်ကုန်-ပြည် ရထားလမ်းပိုင်း၏ ကုန်ကျငွေမှာ တစ်မိုင်လျှင် ရူးပီးငွေကျပ် ၆၁,၅၅၅ ဖြစ်သည်။

၁၈၈၁ ခုနှစ်

  • ရန်ကုန်-တောင်ငူလမ်းပိုင်းအား အစိုးရမှ ဖောက်လုပ်ရန် ဆုံးဖြတ်သည်။

၁၈၈၂ ခုနှစ်

  • အောက်မြန်မာနိုင်ငံ မီးရထားလုပ်ငန်းများ အားလုံးကို ကုမ္ပဏီမှ ဦးစီးလုပ်ကိုင်ရန် အစိုးရအား အဆိုပြုသည်။

၁၈၈၄ ခုနှစ်

  • ဖေဖော်ဝါရီ(၄)ရက်နေ့ ရန်ကုန်-ညောင်လေးပင် လမ်းပိုင်း ဖွင့်လှစ်သည်။

၁၈၈၅ ခုနှစ်

  • ဇူလှိုင်လ(၁)ရက်နေ့ ညောင်လေးပင်-တောင်ငူ လမ်းပိုင်း ဖွင့်လှစ်သည်။
  • ရန်ကုန်-တောင်ငူလမ်းပိုင်း၏ စုစုပေါင်း ကုန်ကျစရိတ်မှာ ရူးပီးငွေကျပ်(၁၃)သန်းဖြစ်သည်။
  • ဇန်နဝါရီလ(၁၅)ရက်နေ့ အထက်မြန်မာဘုရင်အစိုးရ မှ ပြင်သစ်အစိုးရနှင့် ကူးသန်းရောင်းဝယ်ရေး စာချုပ်ချုပ်ဆိုကြသည်။
  • နိုဝင်ဘာလ(၂၉)ရက်နေ့ အထက်မြန်မာနိုင်ငံကို ဗြိတိသျှတို့မှ သိမ်းပိုက်သည်။

၁၈၈၇ ခုနှစ်

  • စက်တင်ဘာလတွင် ပဲခူး-မုတ္တမလမ်းပိုင်းအား ဖောက်လုပ်ရန် ကုမ္ပဏီဘက်မှ အဆိုပြုသည်။

၁၈၈၈ ခုနှစ်

  • မေလ(၁)ရက်နေ့ တောင်ငူ-ပျဉ်းမနား လမ်းပိုင်း ဖွင့်လှစ်သည်။
  • နိုဝင်ဘာလ(၁၅)နေ့ ပျဉ်းမနား-ရမည်းသင်း လမ်းပိုင်း ဖွင့်လှစ်သည်။

၁၈၈၉ ခုနှစ်

  • မတ်လ(၁)ရက်နေ့ ရမည်းသင်း-မန္တလေး လမ်းပိုင်း ဖွင့်လှစ်သည်။
  • နှစ်ကုန်ဆုံးချိန် တောင်ငူ-မန္တလေး လမ်းပိုင်း၏ ကုန်ကျငွေ စုစုပေါင်းမှာ ရူးပီးငွေကျပ် (၂၁)သန်း ဖြစ်သည်။ တစ်မိုင်လျှင် ရူးပီးငွေကျပ် ၉၄,၇၇၀ ဖြစ်သည်။
  • ဧပြီလ(၁၃)ရက်နေ့ မန္တလေး-မန္တလေးဆိပ်ကမ်း လမ်းပိုင်း ဖွင့်လှစ်သည်။
  • အောက်တိုဘာလ(၃၀)ရက်နေ့ ရန်ကုန်-ကြည်မြင့်တိုင် ဒွေးလမ်း ဖွင့်လှစ်သည်။

၁၈၉၀ ခုနှစ်

  • ဇန်နဝါရီလတွင် စစ်ကိုင်း-မြစ်ကြီးနား ရထားလမ်း ဖွင့်လှစ်သည်။
  • ဇန်နဝါရီလ(၁)ရက်နေ့ ကြည်မြင့်တိုင်-အင်းစိန် လမ်းပိုင်းဖွင့်လှစ်သည်။
  • ဇူလှိုင်လ(၁၅)ရက်နေ့ ရန်ကုန်ဆင်ခြေဖုံး ကုန်ရထားလမ်းပိုင်း ဖွင့်လှစ်သည်။

၁၈၉၁ ခုနှစ်

  • ဇူလှိုင်လ(၁)ရက်နေ့ စစ်ကိုင်း-ရွှေဘို လမ်းပိုင်းဖွင့်လှစ်သည်။
  • နိုဝင်ဘာလ(၂၂)ရက်နေ့ မြို့ဟောင်း-အမရပူရ လမ်းပိုင်း ဖွင့်လှစ်သည်။

၁၈၉၂ ခုနှစ်

  • ဧပြီလ(၄)ရက်နေ့ ရွှေဘို-ဝန်းသိုလမ်းပိုင်း ဖွင့်လှစ်သည်။

၁၈၉၃ ခုနှစ်

  • မေလ(၁၀)ရက်နေ့ သာစည်-မိတ္တိလာလမ်းပိုင်း ဖွင့်လှစ်သည်။
  • အိန္ဒိယ-မြန်မာ ရထားလမ်း ဖောက်လုပ်နိုင်ရေး လေ့လာတိုင်းတာခြင်းများ ပြုလုပ်သည်။

၁၈၉၄ ခုနှစ်

  • နိုဝင်ဘာလ(၁)ရက်နေ့ ဝန်းသို-နမ့်ခမ်း လမ်းပိုင်း ဖွင့်လှစ်သည်။

၁၈၉၅ ခုနှစ်

  • မန္တလေး-ကွမ်းလုံလမ်းပိုင်း ဖောက်လုပ်ရန် ကုမ္ပဏီမှ အဆိုပြုသည်။
  • အောက်တိုဘာလ(၂)ရက်နေ့ နဘား-ကသာလမ်းပိုင်း ဖွင့်လှစ်သည်။
  • အောက်တိုဘာလ(၂၁)ရက်နေ့ နမ့်ခမ်း-မိုးညှင်းလမ်းပိုင်း ဖွင့်လှစ်သည်။

၁၈၉၆ ခုနှစ်

  • အိန္ဒိယ-မြန်မာ ရထားလမ်း ဖောက်လုပ်နိုင်ရေး လေ့လာတိုင်းတာခြင်းများ ပြုလုပ်သည်။
  • မတ်လ(၁)ရက်နေ့ မိုးညှင်း-မိုးကောင်းလမ်းပိုင်း ဖွင့်လှစ်သည်။
  • စက်တင်ဘာလ(၁)ရက်နေ့ မီးရထားလုပ်ငန်းများကို မြန်မာနိုင်ငံမီးရထားကုမ္ပဏီသို့ လွှဲပြောင်းသည်။
  • အိန္ဒိယ-မြန်မာ ရထားလမ်း ဖောက်လုပ်နိုင်ရန် ဘုရင်ခံချုပ်မှ ပယ်ချလိုက်သည်။

၁၈၉၇ ခုနှစ်

  • ဖေဖော်ဝါရီလ(၂၂)ရက်နေ့ မီးရထားလုပ်ငန်းများကို အစိုးရမှ ကုမ္ပဏီကိုယ်စား ဝင်ရောက်လုပ်ကိုင်ပေးသည်။
  • မတ်လ(၂)ရက်နေ့ အစိုးရနှင့် ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုကြသည်။

၁၈၉၈ ခုနှစ်

  • ဇန်နဝါရီလ(၁)ရက်နေ့ မိုးကောင်း-မြစ်ကြီးနားလမ်းပိုင်း ဖွင့်လှစ်သည်။
  • ဇန်နဝါရိလ(၁)ရက်နေ့ စစ်ကိုင်-မြစ်ကြီးနားလမ်းပိုင်း တောက်လျှောက် ဖွင့်လှစ်သည်။
  • ဇန်နဝါရီလ(၁)ရက်နေ့ မြို့ဟောင်း-ဆည်တော်လမ်းပိုင်း ဖွင့်လှစ်သည်။
  • ပဲခူး-မုတ္တမလမ်းပိုင်း ဖောက်လုပ်ရန် လေ့လာတိုင်းတာမှုများ ပြုလုပ်သည်။

၁၈၉၉ ခုနှစ်

  • အောက်တိုဘာလ(၃)ရက်နေ့ မြို့ဟောင်း-မန္တလေး ဒွေးလမ်းဖွင့်လှစ်သည်။
  • နိုဝင်ဘာလ(၁၅)ရက်နေ့ မိတ္ထီလာ-မြင်းခြံလမ်းပိုင် ဖွင့်လှစ်သည်။

၁၉၀၀ ခုနှစ်

  • ဧပြီလ(၁)ရက်နေ့ ဆည်တော်-မေမြို့လမ်းပိုင်း ဖွင့်လှစ်သည်။
  • ဧပြီလ(၁၅)ရက်နေ့ ရွာထောင်-အလုံလမ်းပိုင်း ဖွင့်လှစ်သည်။
  • မေလ(၂၀)ရက်နေ့ မေမြို့-နောင်ချိုလမ်းပိုင်း ဖွင့်လှစ်သည်။

၁၉၀၁ ခုနှစ်

  • ဇွန်လ(၁)ရက်နေ့ နောင်ချို-သီပေါလမ်းပိုင်း ဖွင့်လှစ်သည်။
  • ဇွန်လ(၁)ရက်နေ့ ရန်ကုန်-ပုဇွန်တောင် ဒွေလမ်းဖွင့်လှစ်သည်။

၁၉၀၂ ခုနှစ်

  • ဒီဇင်ဘာလ(၁၅)ရက်နေ့ ပုသိမ်-ဟင်္ဿတလမ်းပိုင်း ဖွင့်လှစ်သည်။

၁၉၀၃ ခုနှစ်

  • ပဲခူး-မုတ္တမလမ်းပိုင်း စတင်ဖောက်လုပ်သည်။
  • မတ်လ(၁)ရက်နေ့ သီပေါ-လာရှိုးလမ်းပိုင်း ဖွင့်လှစ်သည်။
  • မတ်လ(၂၀)ရက်နေ့ ဟင်္ဿတ-ဟင်္ဿတဆိပ်ကမ်းလမ်ပိုင်း ဖွင့်လှစ်သည်။
  • မတ်လ(၂၀)ရက်နေ့ သာရဝေါ-လက်ပံတန်းလမ်းပိုင်း ဖွင့်လှစ်သည်။

၁၉၀၄ ခုနှစ်

  • အိန္ဒိယ-မြန်မာ ရထားလမ်း ဖောက်လုပ်နိုင်ရန် မြန်မာနိုင်ငံအစိုးရမှ စီစဉ်သည်။
  • ဧပြီလ(၁၉)ရက်နေ့ ပုဇွန်တောင်-သင်္ကန်းကျွန်း ဒွေးလမ်းဖွင့်လှစ်သည်။
  • သြဂုတ်လ(၂၅)ရက်နေ့ အင်းစိန်-လှော်ကား ဒွေးလမ်းဖွင့်လှစ်သည်။

၁၉၀၅ ခုနှစ်

  • ဧပြီလ(၁၀)ရက်နေ့ ပဲခူး-ညောင်ခါးရှည်လမ်းပိုင်း ဖွင့်လှစ်သည်။
  • ဇူလှိုင်လ(၁)ရက်နေ့ ဟင်္ဿတ-ဓမ္ဘီလမ်းပိုင်း ဖွင့်လှစ်သည်။
  • သြဂုတ်လ(၁၅)ရက်နေ့ ညောင်ခါးရှည်-ကျိုက်ထိုလမ်းပိုင်း ဖွင့်လှစ်သည်။
  • စက်တင်ဘာလ(၁၄)ရက်နေ့ ကျိုက်ထို-ကော့ကဒွတ်လမ်းပိုင်း ဖွင့်လှစ်သည်။
  • စက်တင်ဘာလ(၂၅)ရက်နေ့ ကော့ကဒွတ်-မုတ္တမလမ်းပိုင်း ဖွင့်လှစ်သည်။

၁၉၀၇ ခုနှစ်

  • ဧပြီလ (၁၀)ရက် ပဲခူး-ညောင်ခါးရှည်လမ်း ဖွင့်လှစ်သည်။
  • ဇူလှိုင်လ (၁)ရက်နေ့ ဟင်္ဿတ-ဓမ္ဘီလမ်း ဖွင့်လှစ်သည်။
  • သြဂုတ်လ (၁၅)ရက်နေ့ ညောင်ခါးရှည်-ကျိုက်ထိုလမ်း ဖွင့်လှစ်သည်။
  • စက်တင်ဘာလ(၁၄)ရက်နေ့ ကျိုက်ထို-ကော့ကဒွတ်လမ် ဖွင့်လှစ်သည်။
  • စက်တင်ဘာလ(၂၅)ရက်နေ့ ကော့ကဒွတ်-မုတ္တမလမ်း ဖွင့်လှစ်သည်။
  • အောက်တိုဘာလ (၁)ရက်နေ့ လှော်ကား-မိုးကြိုးပစ် ဒွေးလမ်း ဖွင့်လှစ်သည်။
  • နိုဝင်ဘာလ(၂၃)ရက်နေ့ တဲဝိုင်းကြီး-လေးဒေါင့်ကန် ဒွေးလမ်း ဖွင့်လှစ်သည်။
  • နိုဝင်ဘာလ(၃၀)ရက်နေ့ တိုးကြောင်ကလေး-တဲဝိုင်းကြီး ဒွေးလမ်း ဖွင့်လှစ်သည်။
  • ပဲခူး-မုတ္တမလမ်းနှင့် ဟင်္ဿတ-ကြံခင်းလမ်းများကို မြန်မာနိုင်ငံမီးရထားကုမ္ပဏီသို့ ရထားပြေးဆွဲရန် လွှဲပြောင်းပေးလိုက်သည်။
  • (၁၇၂၇)ပေရှိသော စစ်တောင်းတံတားကြီးဖွင့်လှစ်သည်။

၁၉၀၈ ခုနှစ်

  • ဖေဖော်ဝါရီလ(၁၄)ရက်နေ့ မှော်ဘီ-ဝါးနက်ချောင်း ဒွေးလမ်း ဖွင့်လှစ်သည်။
  • လေးဒေါင့်ကန်-ဒါးပိန် ဒွေးလမ်း ဖွင့်လှစ်သည်။
  • ဒီဇင်ဘာလ(၁၄)ရက်နေ့ ဓမ္ဘီ-ကြံခင်းလမ်း ဖွင့်လှစ်သည်။

၁၉၀၉ ခုနှစ်

  • သာစည်-ရွှေညောင်လမ်း ဖောက်လုပ်ရန် ခွင့်ပြုသည်။
  • ဇန်နဝါရီလ(၄)ရက်နေ့ ထုံးကြီး-ကျောက်တန်း ဒွေးလမ်းဖွင့်လှစ်သည်။
  • ဇန်နဝါရီလ(၄)ရက်နေ့ ဘုရားသုံးဆူ-ပဲခူး ဒွေးလမ်းဖွင့်လှစ်သည်။
  • ဖေဖော်ဝါရီလ(၁၅)ရက်နေ့ ကျောက်ကုန်း-ဘုရားသုံးဆူ ဒွေးလမ်း ဖွင့်လှစ်သည်။

၁၉၁၀ ခုနှစ်

  • ဇန်နဝါရီလ(၂)ရက်နေ့ သင်္ကန်းကျွန်း-တိုးကြောင်ကလေး ဒွေးလမ်းဖွင့်လှစ်သည်။
  • ဇန်နဝါရီလ(၃)ရက်နေ ဒါးပိန်-ထုံကြီး ဒွေးလမ်း ဖွင့်လှစ်သည်။

၁၉၁၁ ခုနှစ်

  • မေလ(၂၂)ရက်နေ့ ဘုရားကြီး-ပျဥ်ပုံကြီး ဒွေးလမ်းဖွင့်လှစ်သည်။
  • မေလ(၂၆)ရက်နေ့ ရွှေလှေ-ဘုရားကြီး ဒွေးလမ်း ဖွင့်လှစ်သည်။
  • မေလ(၂၆)ရက်နေ့ ဖောင်တော်သီ-ဒိုက်ဦး ဒွေးလမ်း ဖွင့်လှစ်သည်။
  • သြဂုတ်လ(၁)ရက်နေ့ ပျဥ်ပုံကြီး-ကဒုတ် ဒွေးလမ်းဖွင့်လှစ်သည်။
  • သြဂုတ်လ(၂၅)ရက်နေ့ မလွှကုန်း-ဘောက်ထော်လမ်း ဖွင့်လှစ်သည်။
  • သြဂုတ်လ(၃)ရက်နေ့ ပဲခူး-ရွှေလှေ ဒွေးလမ်းဖွင့်လှစ်သည်။
  • အောက်တိုဘာလ(၂)ရက်နေ့ ကဒုတ်-ဖောင်တော်သီ ဒွေးလမ်းဖွင့်လှစ်သည်။

၁၉၁၂ ခုနှစ်

  • ဇွန်လ(၁၅)ရက်နေ့ သာစည်-ကျွဲဒတ်ဆန်းလမ်း ဖွင့်လှစ်သည်။

၁၉၁၄ ခုနှစ်

  • သြဂုတ်လ(၂၀)ရက်နေ့ ကျွဲဒတ်ဆန်း-ယင်းမာပင်လမ်းဖွင့်လှစ်သည်။
  • ဒီဇင်ဘာလ(၁၅)ရက်နေ့ ယင်းမာပင်-ကလောလမ်း ဖွင့်လှစ်သည်။

၁၉၁၅ ခုနှစ်

  • ဖေဖော်ဝါရီလ(၁၅)ရက်နေ့ ကလော-အောင်ပန်းလမ်း ဖွင့်လှစ်သည်။
  • သာစည်-အောင်ပန်းလမ်း တောက်လျှောက်ဖွင့်လှစ်သည်။
  • သာစည်-အောင်ပန်းလမ်းကို မြန်မာနိုင်ငံမီးရထားကုမ္ပဏီသို့ ရထားခုတ်မောင်းရန် လွှဲပြောင်းသည်၊

၁၉၂၁ ခုနှစ်

  • မတ်လ(၁၀)ရက်နေ့ အောင်ပန်း-ဟဲဟိုးလမ်း ဖွင့်လှစ်သည်။
  • မေလ(၂)ရက်နေ့ ဟဲဟိုး-ရွှေညောင်လမ်း ဖွင့်လှစ်သည်။
  • မေလ(၂)ရက်နေ့ သာစည်-ရွှေညောင်လမ်း တောက်လျှောက်ဖွင့်လှစ်သည်။

၁၉၂၂ ခုနှစ်

  • ဇူလှိုင်လ(၁)ရက်နေ့ အလုံ-ဘုတလင်လမ်းဖွင့်လှစ်သည်။
  • သြဂုတ်လ(၁)ရက်နေ့ ပျဥ်းမနား-လယ်ဝေးလမ်း ဖွင့်လှစ်သည်။

၁၉၂၃ ခုနှစ်

  • ဇွန်လ(၁၀)ရက်နေ့ ဘုတလင်-စျေးကြီးလမ်း ဖွင့်လှစ်သည်။
  • သြဂုတ်လ(၂)ရက်နေ့ မော်လမြိုင်-မုဒုံလမ်း ဖွင့်လှစ်သည်။
  • ဇူလှိုင်လ(၂၅)ရက်နေ့ တော်ဝိနှင့်ပိန်းဇလုပ်ကြား ရထားချင်းတိုက်မိ၍ လူ(၁၀၄)ဦး သေဆုံးသည်။

၁၉၂၄ ခုနှစ်

  • ဖေဖော်ဝါရီလ(၁)ရက်နေ့ မုဒုံ-ကလောသွတ်လမ်း ဖွင့်လှစ်သည်။
  • ဧပြီလ(၂၄)ရက် ကလောသွတ်-သံဖြူဇရပ်လမ်း ဖွင့်လှစ်သည်။
  • ဧပြီလ(၂၇)ရက် လယ်ဝေး-ကံသာလမ်း ဖွင့်လှစ်သည်။
  • ဇူလှိုင်လ(၁)ရက်နေ့ သံဖြူဇရပ်-ကရူပ္ပိလမ်း ဖွင့်လှစ်သည်။
  • စက်တင်ဘာလ(၂၃)ရက်နေ့ ပြွန်တန်ဆာ-ညောင်လေးပင် ဒွေးလမ်း ဖွင့်လှစ်သည်။
  • အောက်တိုဘာလ(၂၃)ရက်နေ့ ကရုပ္ပိ-ထင်းရူးလမ်း ဖွင့်လှစ်သည်။
  • ဒီဇင်ဘာလ(၈)ရက်နေ့ ညောင်လေးပင်-ကျောက်တံခါး ဒွေးလမ်းဖွင့်လှစ်သည်၊
  • ဒီဇင်ဘာလ(၁၅)ရက်နေ့ ကံသာ-တောင်တွင်းကြီးလမ်း ဖွင့်လှစ်သည်၊

၁၉၂၅ ခုနှစ်

  • ဇန်နဝါရီလ(၁၇)ရက်နေ့ ထင်းရူး-လမိုင်းလမ်း ဖွင့်လှစ်သည်။
  • မတ်လ(၂၀)ရက်နေ့ ကျောက်တံခါး-ပဲနွယ်ကုန်း ဒွေးလမ်းဖောက်လုပ်သည်။
  • ဧပြီလ(၈)ရက်နေ့ ပဲနွယ်ကုန်း-ဖြူး ဒွေးလမ်းဖွင့်လှစ်သည်။
  • ဧပြီလ(၁၆)ရက်နေ့ လမိုင်း-ရေးလမ်း ဖွင့်လှစ်သည်။

၁၉၂၆ ခုနှစ်

  • ဧပြီလ(၁၅)ရက်နေ့ ဖြူး-ညောင်ခြေထောက် ဒွေးလမ်း ဖွင့်လှစ်သည်။
  • မေလ(၂၈)ရက်နေ့ ညောင်ခြေထောက်-အုတ်တွင်း ဒွေးလမ်းဖွင့်လှစ်သည်။
  • ဇူလှိုင်လ(၁)ရက်နေ့ စျေးကြီး-ရေဦးလမ်း ဖွင့်လှစ်သည်။
  • ဇူလှိုင်လ(၁)ရက်နေ့ အလုံ-ရေဦးလမ်း တောက်လျှောက်ဖွင့်သည်။
  • ဇူလှိုင်လ(၂၃)ရက်နေ့ အုတ်တွင်း-ကျွန်းကုန်း ဒွေးလမ်း ဖွင့်လှစ်သည်။

၁၉၂၇ ခုနှစ်

  • ဇန်နဝါရီလ(၁၅)ရက်နေ့ ပဲခူး-ခရမ်းလမ်းဖွင့်လှစ်သည်။
  • ဖေဖော်ဝါရီလ(၅)ရက်နေ့ မန္တလေး-မတ္တရာလမ်း ဖွင့်လှစ်သည်။
  • အောက်တိုဘာလ(၁၂)ရက်နေ့ သံလွင်ဝ-မုတ္တမလမ်း ဖွင့်လှစ်သည်။

၁၉၂၈ ခုနှစ်

  • မတ်လ(၁၆)ရက် တောင်တွင်းကြီး-နတ်မောက်လမ်းဖွင့်လှစ်သည်။
  • ဒီဇင်ဘာလ(၁၅)ရက်နေ့ ခရမ်း-သုံးခွလမ်း ဖွင့်လှစ်သည်။
  • ဒီဇင်ဘာလ(၁၅)ရက်နေ့ ပဲခူး-သုံးခွလမ်း တောက်လျှောက်ဖွင့်လှစ်သည်။

၁၉၂၉ ခုနှစ်

  • သြဂုတ်လ(၁၅)ရက်နေ့ ညောင်လေးပင်-မဒေါက်လမ်း ဖွင့်လှစ်သည်။
  • အောက်တိုဘာလ(၁၅)ရက်နေ့ မြင်းခြံ-မြို့သာလမ်း ဖွင့်လှစ်သည်။
  • ဒီဇင်ဘာလ(၂၁)ရက်နေ့ နတ်မောင်-ညောင်ဒိုးလမ်း ဖွင့်လှစ်သည်။
  • နှစ်ဦးမှစတင်ကာ မီးရထားလုပ်ငန်းများကို အစိုးရမှ ပြန်လည်လွှဲပြောင်းရယူသည်။
  • မီးရထား အကြံပေးကော်မတီ ဖွဲ့စည်းသည်။

၁၉၃၀ ခုနှစ်

  • ဇန်နဝါရီလ(၁၃)ရက် မြို့သာ-ပုလိပ်လမ်း ဖွင့်လှစ်သည်။
  • ဇူလှိုင်လ(၁၇)ရက်နေ့ ညောင်ဒိုး-ကျောက်ပန်းတောင်းလမ်း ဖွင့်လှစ်သည်။
  • ဇူလှိုင်လ(၁၇)ရက်နေ့ ပျဥ်းမနား-ကျောက်ပန်းတောင်းလမ်း တောက်လျှောက်ဖွင့်လှစ်သည်။

၁၉၃၇ ခုနှစ်

  • ဧပြီလ(၁)ရက်နေ့ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ခွဲထွက်သည်။

၁၉၄၂ ခုနှစ်

  • ဖေဖော်ဝါရီလ(၂၀)ရက်နေ့ ရန်ကုန်မြို့ကိုစွန့်ခွာရန် ဗြိတိသျှတို့မှ အချက်ပေးသည်။
  • ဖေဖော်ဝါရီလ(၂၀)ရက်နေ့ အင်းစိန်စက်ခေါင်းပြင်စက်ရုံမှ ပစ္စည်းများကိုဖြုတ်၍ မြစ်ငယ်သို့ ပြောင်းရွှေ့သည်။
  • ဖေဖော်ဝါရီလ(၂၆)ရက်နေ့ မီးရထားမင်းကြီးနှင့် ထိပ်ပိုင်းအရာရှိတို့ ရန်ကုန်မြို့ကို စွန့်ခွာသည်။
  • မတ်လ(၇)ရက်နေ့ အင်းစိန်စက်ခေါင်းပြင်စက်ရုံကို ဗြိတိသျှတို့ ဖျက်စီးလိုက်သည်။
  • မတ်လ(၇)ရက်နေ့ ဗြိတိသျှတို့၏ နောက်ဆုံးရထား ရန်ကုန်ဘူတာကြီးမှ ထွက်ခွာသည်။
  • မတ်လ(၁၈)ရက်နေ့ မီးရထားအုပ်ချုပ်ရေးကို ဗြိတိသျှစစ်အာဏာပိုင်များကို လွှဲပြောင်းလိုက်သည်။
  • ဧပြီလ(၂၇)ရက်နေ့ အင်းစိန်စက်ခေါင်းပြင်စက်ရုံရှိ ပစ္စည်းများကို ဖျက်စီးလိုက်သည်။
  • ဧပြီလ(၃၀)ရက်နေ့ ဗြိတိသျှစစ်တပ်မှ အင်းဝတံတားကြီးကို ဒိုင်းနမိုင်းနှင့် ဖျက်စီးလိုက်သည်။

၁၉၄၃ ခုနှစ်

  • မြန်မာနိုင်ငံမီးရထားအရေးပေါ်အက်ဥပဒေအရ မီးရထားလုပ်ငန်းများကို ဘုရင်ခံက သိမ်းယူသည်။
  • မြန်မာ-ထိုင်း မီးရထားလမ်း ဂျပန်တို့မှ ဖောက်လုပ်သည်။
  • ဧပြီလ(၁၇)ရက်နေ့ မြစ်ငယ်စက်ရုံကို ဗြိတိသျှတို့ ဗုံးကြဲသည်။

၁၉၄၄ ခုနှစ်

  • လိုကိုထရပ် သံလမ်းပြေးယာဥ်ကို ဂျပန်တို့တင်သွင်းပြီး စတင်အသုံးပြုသည်။
  • အင်းစိန် စက်ခေါင်းပြင်စက်ရုံ ဗုံးကြဲခံရသည်။

၁၉၄၅ ခုနှစ်

  • ဒီဇင်ဘာလ(၁၂)ရက်နေ့ မီးရထားဌာန၏ ပျက်စီးဆုံးရှုံးမှုစာရင်းကို ကောက်ယူသည်။
  • ရထားလမ်း(၇၀၁)မိုင်တွင် ဗြိတိသျှတို့ ရထားပြန်လည်ပြေးဆွဲသည်။

၁၉၄၆ ခုနှစ်

  • ဇန်နဝါရီလ(၁)ရက်နေ့တွင် ဗြိတိသျှတို့က မီးရထားဌာနကို စစ်အုပ်ချုပ်ရေးမှ ပြန်လည်လွှဲပြောင်းသည်။

၁၉၄၈ ခုနှစ်

  • ဇန်နဝါရီလ(၄)ရက်နေ့ မြန်မာပြည် လွတ်လပ်ရေးရသည်။
  • ဧပြီလ(၂၅)ရက်နေ့ တပြည်လုံးရှိ ညရထား ခုတ်မောင်းခြင်းများ ရပ်စဲလိုက်သည်။
  • စက်တင်ဘာလ မြို့ကွင်းတံတားကြီးကို ပြန်လည်တည်ဆောက်ပြီးစီးသည်။

၁၉၅၄ ခုနှစ်

  • ဇွန်လ(၅)ရက်နေ့ ရန်ကုန်ဘူတာကြီးသစ် ဖွင့်လှစ်သည်။
  • အောက်တိုဘာလ(၂၇)ရက်နေ့ အင်းဝတံတားကြီးကိုပြန်လည်ဖွင့်လှစ်သည်။

၁၉၅၇ ခုနှစ်

  • ရန်ကုန်မှ ကျွန်းကုန်းအထိ ဒွေးလမ်းကို ပြန်လည်ဖောက်လုပ်သည်။

၁၉၅၈ ခုနှစ်

  • မီးရထားအင်းစိန်စက်ရုံ စက်မှုလက်မှုသင်ကျောင်း ဖွင့်လှစ်သည်။
  • ဇန်နဝါရီလ(၄)ရက်နေ့ အမြန်ရထားများတွင် ဒီဇယ်စက်ခေါင်းသစ်များကို စတင်အသုံးပြုသည်။

၁၉၅၉ ခုနှစ်

  • ဇန်နဝါရီလ(၁)ရက်နေ့တွင် ရန်ကုန် မန္တလေး ညရထားများ ပြန်လည်ပြေးဆွဲသည်။
  • မတ်လမှစတင်ပြီး မြန်မာစာကို အသုံးပြု၍ ကြေးနန်းပေးပို့ခြင်း ပြုလုပ်ခဲ့သည်။
  • မေလ(၁)ရက်နေ့ ရန်ကုန်မြို့ပတ်လမ်းကို ဖွင့်လှစ်သည်။
  • မေလ(၅)ရက်နေ့ ရန်ကုန် ပြည်ကြားရှိ ရထားများကို ညရထားများအဖြစ် ပြောင်းလဲပြေးဆွဲသည်။
  • ဟန်ဂေရီ ဒီဇယ်စက်ခေါင်းသစ်များကို ရန်ကုန် ပြည်လမ်းပိုင်းတွင် စတင်ပြေးဆွဲသည်။
  • သြဂုတ်လ(၉)ရက်နေ့ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ဒီဇယ်ရထားသစ်များ စတင်ပြေးဆွဲသည်။
  • နိုဝင်ဘာလ(၁)ရက်နေ့ ရန်ကုန် မန္တလေးကြား ပြေးဆွဲနေသော နေ့အမြန်ရထားများကို ညအမြန်ရထားများအဖြစ် ပြောင်းလဲပြေးဆွဲသည်။

၁၉၆၀ ခုနှစ်

  • ဇွန်လ(၂၄)ရက်နေ့ ပျဥ်းမနားဘူတာ၌ ပါဝါအချက်ပြအဆောက်အဦးသစ် ဆောက်လုပ်ပြီးစီး၍ လုပ်ငန်းများ စတင်သည်။
  • နိုဝင်ဘာလ(၁)ရက်နေ့တွင် ရန်ကုန်မြို့ပတ်ရထားလမ်းကို ဒွေးလမ်းဖောက်လုပ်မှုပြီးစီး၍ စတင်အသုံးပြုသည်။
  • ဒီဇင်ဘာလ(၁၇)ရက်နေ့ ရန်ကုန်-ပဲခူး ဒွေးလမ်း ဖွင့်လှစ်သည်။
  • ဒီဇင်ဘာလ(၂၄)ရက်နေ့ စဥ့်ကိုင်ဘူတာ၌ မန္တလေးလော်ကယ် အမှတ်(၆)ရထားနှင့် ရွှေမန်းမေစာပို့ရထားတို့ မျက်နှာချင်းဆိုင် တိုက်မိသည်။
  • ဒီဇင်ဘာလ(၇)ရက်နေ့ စစ်တောင်းလမ်းမှ ထွက်ခွာလာသော အမှတ်(၃၄)အဆန် လူစီးလော်ကယ်ရထား ညောင်ခါးရှည်နှင့်အဗျားဘူတာကြား တိမ်းမှောက်သည်။

၁၉၆၁ ခုနှစ်

  • ဇန်နဝါရီလ(၁)ရက်နေ့ မန္တလေး-မြစ်ကြီးနားကြား ဘူတာများနှင့် မန္တလေး-လာရှိုးကြားဘူတာများတွင် ဆန်သယ်ယူနှုန်းထားများကို ၂၀ ရာခိုင်နှုန်း လျော့ချပေးသည်။
  • ဇန်နဝါရီလ(၁)ရက်နေ့ ကျွန်းနှင့်သစ်များ သယ်ယူနှုန်းထားများကို ၁၀ရာခိုင်နှုန်းနှင့် ကျွန်းနှင့်သစ်မာ ကာပျဥ်းများအပေါ် ၅ရာခိုင်နှုန်း လျော့ချပေးသည်။
  • ဖေဖော်ဝါရီလ(၂၅)ရက်နေ့ ပျဥ်းမနား-ကျောက်ပန်းတောင်းလမ်းပိုင်းတွင် သာမြားဘူတာမှ ပင်းချောင်းဘူတာအထိ ရထားပြေးဆွဲသည်၊
  • မတ်လ(၂၆)ရက်နေ့ ဒဂုံလွင်ရထား တောကျွဲအင်းဘူတာနှင့် ကညွတ်ကွင်းဘူတာအကြား မိုင်းနင်းမိ၍ တိမ်းမှောက်သွားသည်။
  • ဇွန်လ(၉)ရက်နေ့ သံလမ်းစစ်ဆေးသောစက်ကို ရန်ကုန်မှပဲခူးအထိ စမ်းသပ်ခုတ်မောင်းသည်။
  • ဇူလှိုင်လ(၃)ရက်နေ့ တောင်ငူဘူတာတွင် လျှပ်စစ်အချက်ပြစနစ်ကို စတင်အသုံးပြုသည်။
  • ဇူလှိုင်လ(၁၄)ရက်နေ့ ရမည်းးသင်းဘူတာတွင် ရောင်စုံလျှပ်စစ် အချက်ပြများ စတင်အသုံးပြုသည်။
  • သြဂုတ်လ(၇)ရက်နေ့ ပြည်ဘူတာအပေါ်ထပ်တွင် တည်းခိုခန်းစတင်ဖွင့်လှစ်သည်။
  • စက်တင်ဘာလ(၇)ရက်နေ့ အလုပ်တာဝန်များ ထမ်းဆောင်စဥ် အသက်ဆုံးရှုံးရသူများအား ဂရုဏာထောက်ပံ့ကြေးပေးရန် မီးရထားအုပ်ချုပ်ရေးအဖွဲ့မှ ဆုံးဖြတ်သည်။

၁၉၆၂ ခုနှစ်

  • မေလ(၆)ရက်နေ့ ပြည်ထောင်စုပွဲလာကြသော ကချင်ကျောင်းသားများ ရန်ကုန်မြို့ပတ်ရထားစီးကြသည်။
  • မေလ(၇)ရက်နေ့ ကချင်ကျောင်းသားများ အင်းစိန်စက်ခေါင်းပြင်စက်ရုံကို လေ့လာကြသည်။
  • ဇွန်လ(၂၈)ရက်နေ့ သင်္ကန်ကျွန်းတံတားဖွင့်လှစ်သည်။
  • ဇွန်လ(၂၉)ရက်နေ့ မော်လမြိုင်တောင်-ရေးလမ်းပိုင်း ရထားများ တောက်လျှောက်ပြန်လည် ခုတ်မောင်းသည်။
  • စက်တင်ဘာလ(၆)ရက်နေ့ ဝေါတံတားသစ် ဖွင့်လှစ်သည်။
  • စက်တင်ဘာလ(၂၈)ရက်နေ့ ရန်ကုန်ဆင်ခြေဖုံး မြို့ပတ်ရထားလမ်း အော်တိုအချက်ပြများ ဝယ်ယူရန် အနောက်ဂျာမနီနိုင်ငံ တီးမင်းကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုသည်။
  • နိုဝင်ဘာလ(၁၇)ရက်နေ့ မန္တလေးခရိုင် ပုလိင်ဘူတာတွင် အချက်ပြမီးများ စတင်အသုံးပြုသည်။
  • ဒီဇင်ဘာလ(၁၇)ရက်နေ့မှ စတင်၍ ရန်ကုန်-မန္တလေးကြား ခုတ်မောင်သော ရွှေမန်းမေနှင့်ဒဂုံပေ စာပို့ရထားများတွင် ရိုးရိုးတန် အိပ်စင်တွဲတတွဲစီ ချိတ်ပေးသည်။

၁၉၆၃ ခုနှစ်

  • မတ်လ(၂၃)ရက်နေ့ စစ်တောင်းတံတားကြီး ပြန်လည်ဖွင့်လှစ်သည်။
  • မတ်လ(၂၅)ရက်နေ့ ကြို့ကုန်းဆေးဝါးထုတ်လုပ်ရေး ဆိုက်ဒင်ဖွင့်လှစ်သည်။
  • ဧပြီလ(၁)ရက်နေ့ ပစ္စည်းအပ်နှံရေးဌာနများကို ရန်ကုန်နှင့်တောင်ငူဘူတာများတွင် ဖွင့်လှစ်သည်။
  • ဇွန်လ၌တွင် အင်းစိန်မီးရထားဗဟိုသင်တန်းကျောင်း ဖွင့်လှစ်သည်။
  • ဇူလှိုင်လ(၁)ရက်နေ့ ဒါးပိန်နှင့်အင်းတိုင် ပစ္စည်းသိုလှောင်ရေးဌာနဆိုက်ဒင်ဖွင့်လှစ်သည်။
  • သြဂုတ်လ(၁)ရက်နေ့ ရန်ကုန်-မန္တလေး လမ်းပိုင်း အင်ကြင်းကန်ဘူတာဖွင့်လှစ်သည်။
  • အောက်တိုဘာလ(၁၀)ရက်နေ့ သာစည်ဘူတာတွင် လျှပ်စစ်အချက်ပြများ စတင်အသုံးပြုသည်။
  • ဒီဇင်ဘာလ(၁)ရက်မှစတင်၍ တန်ဆာခကို မိုင်အပေါ်မူတည်၍ ကောက်ခံသည်။
  • ဇန်နဝါရီလ(၂၉)ရက်နေ့ မီးရထား ဗုဒ္ဓဘာသာဓမ္မာရုံကြီး အုတ်မြစ်ချ၍ ထိုနှစ်တွင် ဆောက်လုပ်ပြီးစီးသည်။

၁၉၆၄ ခုနှစ်

  • မတ်လ(၁၆)ရက်နေ့မှစတင်၍ ရန်ကုန်-မန္တလေး အမြန်ကုန်ရထား အမှတ် ၃၄၅အဆန် နှင့် အမှတ် ၃၄၆အစုန် တို့တွင် ဒီဇယ်စက်ခေါင်းများ စတင်အသုံးပြုသည်။

၁၉၆၅ ခုနှစ်

  • မေလတွင် ဒီဇယ်တွဲရွေ့စက်ခေါင်းများ ဝယ်ယူခဲ့သည်။
  • စက်တင်ဘာလမှစတင်၍ ဒီဇယ်တွဲရွှေ့စက်ခေါင်းများ စတင်အသုံးပြုသည်။
  • ဒီဇင်ဘာလ(၉)ရက်နေ့ ကျေးတောဘူတာတွင် ရထားချင်းတိုက်မိ၍ လူ(၇၈)ဦး သေဆုံးသည်။

၁၉၆၈ ခုနှစ်

  • ကျောက်မီးသွေးသုံံးစက်ခေါင်းများကို မီးထိုးဆီသုံး စက်ခေါင်းများအဖြစ် စတင်ပြောင်းလဲသုံးစွဲသည်။

၁၉၇၀ ခုနှစ်

  • အောက်တိုဘာလ(၁၀)ရက်နေ့ ကျောက်ပန်းတောင်း-ကြီးနီးလမ်း ဖွင့်လှစ်သည်။

၁၉၇၅ ခုနှစ်

  • ဇွန်လ(၂၀)ရက်နေ့ ဧလာ-ပြည်ဝင် ဒွေးလမ်းပြီးစီးသည်။
  • ဇွန်လ(၂၀)ရက်နေ့ ရန်ကုန်-ကျွန်းကုန်း ဒွေးလမ်းဖွင့်လှစ်သည်။
  • နိုဝင်ဘာလ(၁)ရက်နေ့ ရထားပို့ဆောင်ရေးကော်ပိုရေးရှင်း၏ တိုင်းအလိုက် နယ်နိမိတ်များကို တိုင်း(၈)တိုင်းခွဲ၍ ပြန်လည်ဖွဲ့စည်းလိုက်သည်။

၁၉၈၈ ခုနှစ်

  • မတ်လ(၂၇)ရက်နေ့ သထုံ - မြိုင်ကလေး ရထားလမ်း ဖွင့်လှစ်သည်။

၁၉၈၉ ခုနှစ်

  • မတ်လ(၂၇)ရက်နေ့ ဒါပိန် - လှော်ကားအင်း ရထားလမ်း ဖွင့်လှစ်သည်။

၁၉၉၀ ခုနှစ်

  • ၄ ဇန်နဝါရီ ၁၉၉၀ မန္တလေး အနောက်မြို့ပတ်လမ်း ဖွင့်လှစ်သည်။
  • ၁ မေ ၁၉၉၀ မန္တလေးအရှေ့မြို့ပတ်လမ်း ဖွင့်လှစ်သည်။

၁၉၉၁ ခုနှစ်

  • ၁၅ ဖေဖော်ဝါရီ ၁၉၉၁ တံတားဦး - မြို့သာ ရထားလမ်း ဖွင့်လှစ်သည်။
  • ၂၇ မတ် ၁၉၉၁ ရွှေညောင် - ရပ်စောက် ရထားလမ်း ဖွင့်လှစ်သည်။

၁၉၉၂ ခုနှစ်

  • ၂ ဇွန် ၁၉၉၂ မန္တလေး-တောင်မြို့ပတ်လမ်း ဖွင့်လှစ်သည်။
  • ၂၁ ဖေဖော်ဝါရီ ၁၉၉၂ မြို့သာ - ဝက်လူ ရထားလမ်း ဖွင့်လှစ်သည်။
  • ၉ မေ ၁၉၉၂ ဝက်လူ - နတ်ထိုးကြီး ရထားလမ်း ဖွင့်လှစ်သည်။
  • ၈ ဒီဇင်ဘာ ၁၉၉၂ နတ်ထိုးကြီး - မြင်းခြံ ရထားလမ်း ဖွင့်လှစ်သည်။

၁၉၉၃ ခုနှစ်

  • ၇ ဇန်နဝါရီ ၁၉၉၃ အောင်ပန်း - ပင်လောင်း ရထားလမ်း ဖွင့်လှစ်သည်။
  • ၂၇ မတ် ၁၉၉၃ ပင်လောင်း - လွိုင်ကော် ရထားလမ်း ဖွင့်လှစ်သည်။
  • ၃၁ ဇူလိုင် ၁၉၉၃ တိုးကြောင်ကလေး - အုတ်ဖိုးစု ရထားလမ်း ဖွင့်လှစ်သည်။
  • ၃၀ အောက်တိုဘာ ၁၉၉၃ ချောင်းဦး - တောကျောင်းကြီး ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၂ ဒီဇင်ဘာ ၁၉၉၃ ပခုက္ကူ - မင်းဝေ ရထားလမ်း ဖွင့်လှစ်သည်။

၁၉၉၄ ခုနှစ်

  • ၁၃ နိုဝင်ဘာ ၁၉၉၄ ပခုက္ကူ-မြိုင် ရထားလမ်း ဖွင့်လှစ်သည်။

၁၉၉၅ ခုနှစ်

  • ၁၈ မတ် ၁၉၉၅ မြိုင်းမိုး - ဇေဘယာ ရထားလမ်း ဖွင့်လှစ်သည်။
  • ၂၃ ဧပြီ ၁၉၉၅ ကလေး - နတ်ချောင်း ရထားလမ်း ဖွင့်လှစ်သည်။
  • ၁ မေ ၁၉၉၅ နန့်စံ - မိုးနဲ ရထားလမ်း ဖွင့်လှစ်သည်။
  • ၃၀ မေ ၁၉၉၅ ထားဝယ် - ရေဖြူ ရထားလမ်း ဖွင့်လှစ်သည်။

၁၉၉၆ ခုနှစ်

  • ၅ ဇန်နဝါရီ ၁၉၉၆ မြို့ဟောင်း-မြစ်ငယ် ဒွေးလမ်း ဖွင့်လှစ်သည်။
  • ၅ ဖေဖော်ဝါရီ ၁၉၉၆ နတ်ချောင်း-ဂန့်ဂေါ် ရထားလမ်း ဖွင့်လှစ်သည်။
  • ၂၆ မတ် ၁၉၉၆ မြစ်ကြီးနား - နမ့်ပေါင်လေဆိပ် ရထားလမ်း ဖွင့်လှစ်သည်။
  • ၄ ဇွန် ၁၉၉၆ ဘန်းယဥ် - ဖာပွန်း ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၆ ဇူလိုင် ၁၉၉၆ ပျဉ်းမနား - ကျည်တောက်ကန် ဒွေးလမ်း ဖွင့်လှစ်သည်။
  • ၂၇ ဇူလိုင် ၁၉၉၆ တောင်ကြီး - ဖာပွန်း ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၈ စက်တင်ဘာ ၁၉၉၆ ပုဂံ - ရှားခါး (မြင်းခြံ) ရထားလမ်း ဖွင့်လှစ်သည်။
  • ၂၄ စက်တင်ဘာ ၁၉၉၆ ရေး (ချောင်းတောင်) - ကလော့ကြီး ရထားလမ်း ဖွင့်လှစ်သည်။

၁၉၉၇ ခုနှစ်

  • ၁၁ ဖေဖော်ဝါရီ ၁၉၉၇ ပုဂံ - ကျောက်ပန်းတောင်း ရထားလမ်း ဖွင့်လှစ်သည်။
  • ၉ ဧပြီ ၁၉၉၇ ဇီးပြား - ကျော ရထားလမ်း ဖွင့်လှစ်သည်။
  • ၂၂ မေ ၁၉၉၇ အောင်လံ - ဆက်သွား (တောင်တွင်းကြီး) ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၇ ဇူလိုင် ၁၉၉၇ ဂန့်ဂေါ် – ရေမျက်နီ ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၄ စက်တင်ဘာ ၁၉၉၇ ပြည် – အောင်လံ ရထားလမ်း ဖွင့်လှစ်သည်။
  • ၂၄ ဒီဇင်ဘာ ၁၉၉၇ တောင်ကြီး - ရွှေညောင် ရထားလမ်း ဖွင့်လှစ်သည်။

၁၉၉၈ ခုနှစ်

  • ၂၆ မတ် ၁၉၉၈ ရေဖြူ – ပေါက်ပင်ကွင်း - ကလော့ကြီး ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၅ ဩဂုတ် ၁၉၉၈ တညင်းကုန်း - လှော်ကား ဒွေးလမ်း ဖွင့်လှစ်သည်။

၁၉၉၉ ခုနှစ်

  • ၉ ဧပြီ ၁၉၉၉ ပျော်ဘွယ် –ရန်အောင် ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၇ ဧပြီ ၁၉၉၉ မကွေး - တောင်တွင်းကြီး ရထားလမ်း ဖွင့်လှစ်သည်။
  • ၃၁ ဩဂုတ် ၁၉၉၉ တံတားဦး-မန္တလေးလေဆိပ် တိုးချဲ့ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၈ စက်တင်ဘာ ၁၉၉၉ ဆင်ဖြူရှင် တံတား ချဉ်းကပ်လမ်း (အရှေ့/အနောက်) ဖွင့်လှစ်သည်။

၂၀၀၀ ခုနှစ်

  • ၉ ဧပြီ ၂၀၀၀ ဘုတလင် - ရေဦး - ခင်ဦး ရထားလမ်း ဖွင့်လှစ်

၂၀၀၁ ခုနှစ်

  • ၃၀ ဧပြီ ၂၀၀၁ ဘန်းယဥ် - ဆိုက်ခေါင် ရထားလမ်း ဖွင့်လှစ်သည်။

၂၀၀၂ ခုနှစ်

  • ၂၁ ဇူလိုင် ၂၀၀၂ နန့်စန် - မန်စီ ရထားလမ်း ဖွင့်လှစ်သည်။

၂၀၀၃ ခုနှစ်

  • ၂၇ မတ် ၂၀၀၃ ဆိုက်ခေါင် - ပြင်သာယာ ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၅ နိုဝင်ဘာ ၂၀၀၃ အုတ်ဖိုစု-သီလဝါ ရထားလမ်း ဖွင့်လှစ်သည်။
  • ၂၅ နိုဝင်ဘာ ၂၀၀၃ ရေး တံတား ချဉ်းကပ်လမ်း ဖွင့်လှစ်သည်။

၂၀၀၄ ခုနှစ်

  • ၂၀ မတ် ၂၀၀၄ မိုင်းစိတ်-တောင်စိုင်း ရထားလမ်း ဖွင့်လှစ်သည်။
  • ၂၁ မတ် ၂၀၀၄ ပြင်သာယာ-ထီပင် ရထားလမ်း ဖွင့်လှစ်သည်။
  • ၂၇ နိုဝင်ဘာ ၂၀၀၄ ထီပင်-ပွန်းချောင် ရထားလမ်း ဖွင့်လှစ်သည်။

၂၀၀၆ ခုနှစ်

  • ၁ ဇန်နဝါရီ ၂၀၀၆ ပွန်းချောင်-တောင်စိုင်း ရထားလမ်း ဖွင့်လှစ်သည်။
  • ၄ မတ် ၂၀၀၆ တိုးကြောင်ကလေး -ဒဂုံတက္ကသိုလ် ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၇ ဧပြီ ၂၀၀၆ သံလွင်တံတား (မော်လမြိုင်) ချဉ်းကပ်လမ်း ဖွင့်လှစ်သည်။
  • ၁ ဇွန် ၂၀၀၆ အုတ်ဖိုစု-ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရထားလမ်း ဖွင့်လှစ်သည်။
  • ၂၅ ဇွန် ၂၀၀၆ မြစ်ငယ်-ကျောက်ဆည် ဒွေးလမ်း ဖွင့်လှစ်သည်။
  • ၁၆ ဇူလိုင် ၂၀၀၆ သာစည်-ကွမ်းခြံရိုး ရထားလမ်း ဖွင့်လှစ်

၂၀၀၇ ခုနှစ်

  • ၂၇ ဇန်နဝါရီ ၂၀၀၇ ကျော-ရေမြက်နီ ရထားလမ်း ဖွင့်လှစ်သည်။
  • ၂၁ ဧပြီ ၂၀၀၇ ဒိုက်ဦး-စစ်တောင်း ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၇ မေ ၂၀၀၇ လှော်ကား – ကွန်ပျူတာတက္ကသိုလ် ရထားလမ်း
  • ၂ စက်တင်ဘာ ၂၀၀၇ ကြီးနီ - ချောက် ရထားလမ်း ဖွင့်လှစ်သည်။
  • ၂၄ နိုဝင်ဘာ ၂၀၀၇ ကျည်တောက်ကန် – ကျောက်ဆည်ဒွေလမ်း ဖွင့်လှစ်သည်။

၂၀၀၈ ခုနှစ်

  • ၂ မတ် ၂၀၀၈ ကြာင်းအင်း - ဦးရှစ်ပိန် ရထားလမ်း ဖွင့်လှစ်သည်။
  • ၃၀ နိုဝင်ဘာ ၂၀၀၈ ပျော်ဘွယ် - ဘုရားငါးဆူ ရထားလမ်း ဖွင့်လှစ်သည်။

၂၀၀၉ ခုနှစ်

  • ၂၂ မတ် ၂၀၀၉ ဦးရှစ်ပိန် - ကံမ ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၉ မေ ၂၀၀၉ စစ်တွေ - ရေချမ်းပြင် ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၇ အောက်တိုဘာ ၂၀၀၉ ကံမ - သရက် ရထားလမ်း ဖွင့်လှစ်သည်။
  • ၂၀ နိုဝင်ဘာ ၂၀၀၉ ပခုက္ကူ - ကျုံချောင်း ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၉ ဒီဇင်ဘာ ၂၀၀၉ မကွေး - ကံပြား ရထားလမ်း ဖွင့်လှစ်သည်။

၂၀၁၀ ခုနှစ်

  • ၂ ဇန်နဝါရီ ၂၀၁၀ အောင်သာ - သံဗုဒ္ဓေမိုးညင်း ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၆ ဇန်နဝါရီ ၂၀၁၀ ရန်အောင် - ရွာတော် ရထားလမ်း ဖွင့်လှစ်သည်။
  • ၂၀ ဖေဖော်ဝါရီ ၂၀၁၀ ကသာ - မိုးတကြီး ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၄ မတ် ၂၀၁၀ သရက် - မင်းလှ ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၅ မေ ၂၀၁၀ ကျန်တောင် - ပုဏ္ဏားကျွန်း - ရိုးတေရိုးကုတ် ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၂ ဇွန် ၂၀၁၀ ရေချောင်း - ဆိပ်ဖူး ရထားလမ်း ဖွင့်လှစ်သည်။
  • ၂၁ ဇူလိုင် ၂၀၁၀ ဟင်္သာတ - ဇလုံ ရထားလမ်း ဖွင့်လှစ်သည်။
  • ၂၂ ဩဂုတ် ၂၀၁၀ ပြည် (ရွှေတံခါး) - ပေါက်ခေါင်း ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၈ စက်တင်ဘာ ၂၀၁၀ မင်းလှ - မိန်းမူ ရထားလမ်း ဖွင့်လှစ်သည်။
  • ၉ အောက်တိုဘာ ၂၀၁၀ ဆိပ်ဖြူ - ဆင်ဖြူကျွန်း ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၉ ဒီဇင်ဘာ ၂၀၁၀ ကျိုင်းတုံ - ဝမ်ကောင်း ရထားလမ်း ဖွင့်လှစ်သည်။

၂၀၁၁ ခုနှစ်

  • ၂၂ ဇန်နဝါရီ ၂၀၁၁ မိန်းမူ - ပွင့်ဖြူ ရထားလမ်း ဖွင့်လှစ်သည်။
  • ၂၆ ဖေဖော်ဝါရီ ၂၀၁၁ ကျုံချောင်း - ဒေါင်းသ ရထားလမ်း ဖွင့်လှစ်သည်။
  • ၂၀ မတ် ၂၀၁၁ ပုသိမ် - အိမ်မဲ ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၀ ဧပြီ ၂၀၁၁ ရိုးတရုတ် - ကျောက်တော် ရထားလမ်း ဖွင့်လှစ်သည်။
  • ၄ ဇွန် ၂၀၁၁ ထားဝယ် - သရက်ချောင်း ရထားလမ်း ဖွင့်လှစ်သည်။
  • ၃၁ ဒီဇင်ဘာ ၂၀၁၁ အမရပူရ တံတား (ပခုက္ကူ) ချဉ်းကပ်လမ်း ဖွင့်လှစ်သည်။

၂၀၁၂ ခုနှစ်

  • ဇန်နဝါရီလ ရန်ကုန် မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ခြင်းအတွက် ကနဦးအဆိုပြုခြင်းလုပ်ငန်းစဉ် လုပ်ဆောင်သည်။

၂၀၁၃ ခုနှစ်

  • ဖေဖော်ဝါရီလ ရန်ကုန် မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ခြင်းအတွက် ဖြစ်မြောက်နိုင်မှု ရှိမရှိ FS ပြုလုပ်တဲ့လုပ်ငန်းစဉ် JICA မှပြုလုပ်သည်။
  • ၁၃ မတ် ၂၀၁၃ ရွာတော်-နတ်မောက် ရထားလမ်း ဖွင့်လှစ်သည်။
  • ၁၁ မေ ၂၀၁၃ ဧရာဝတီတံတား (မလွန်) ချဉ်းကပ်လမ်း ဖွင့်လှစ်သည်။

၂၀၁၄ ခုနှစ်

  • ၇ ဖေဖော်ဝါရီ ၂၀၁၄ မိုးတကြီး-ချောင်းဝ - ကျောက်ကြီး ရထားလမ်း ဖွင့်လှစ်သည်။
  • ၂၄ မေ ၂၀၁၄ ရန်ကုန် (လှိုင်သာယာ)-ညောင်တုန်း ရထားလမ်း ဖွင့်လှစ်သည်။

၂၀၁၅ ခုနှစ်

  • မတ်လ ၂၀၁၅ ဂျပန်နှင့် မီးရထားလမ်းပြုပြင်ရေး သဘောတူညီမှု လက်မှတ်ရေးထိုး။ JICA မှ နည်းပညာနှင့် ငွေကြေးပံ့ပိုး။
  • ဇွန်လ ၂၀၁၅ တရုတ်-မြန်မာ ရထားလမ်းဆွေးနွေးပွဲ (Belt and Road Initiative နှင့်ဆက်စပ်) ကျင်းပ။
  • ဇူလိုင်လ ၂၀၁၅ မန္တလေးအနီး မြစ်ငယ်တံတား (Myitnge Bridge) တည်ဆောက်မှု စတင်။
  • စက်တင်ဘာလ ၂၀၁၅ ဂုတ်ထိပ်တံတား (Gokteik Viaduct) ကို ခရီးသွားလုပ်ငန်းအတွက် စနစ်တကျပြုပြင်ရန် စီစဉ်။

၂၀၁၆ ခုနှစ်

  • မတ်လ ၂၀၁၆- ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု: JICA မှ ရန်ကုန်မြို့ပတ်ရထားလမ်း (Yangon Circular Railway) အဆင့်မြှင့်တင်ရေး ငွေကြေးနှင့်နည်းပညာ ပံ့ပိုးမှု သဘောတူညီချက်လက်မှတ်ရေးထိုး။
  • ဧပြီလ ၂၀၁၆- ရန်ကုန်မြို့ပတ်ရထားလမ်း ပြန်လည်မွမ်းမံရေး စီမံကိန်းစတင်။
  • ဇွန်လ ၂၀၁၆- တရုတ်-မြန်မာ မူဆယ်-မန္တလေး မီးရထားလမ်း ဖွံ့ဖြိုးရေးဆိုင်ရာ MoU လက်မှတ်ရေးထိုး (Belt and Road Initiative နှင့်ဆက်စပ်)။
  • နိုဝင်ဘာလ ၂၀၁၆- ရန်ကုန်မြို့ပတ်ရထားလမ်း ဒီဂျစ်တယ်လက်မှတ်စနစ် စမ်းသပ်မှုအောင်မြင်၊ တစ်နိုင်ငံလုံးသို့ ချဲ့ထွင်ရန် စီစဉ်။
  • ဒီဇင်ဘာလ ၂၀၁၆- မြစ်ငယ်တံတား (Myitnge Bridge) တည်ဆောက်မှု အဆင့်ပထမအပိုင်း ပြီးစီး။
  • ဒီဇင်ဘာ ၂ရက် မြန်မာ့မီးရထားကို ပံ့ပိုးကူညီနိုင်ဖို့ စီမံကိန်းအတိုင်ပင်ခံအဖွဲ့ (CMC) အနေနဲ့ ဂျပန်နိုင်ငံအခြေစိုက် Oriental Consultant Global ဦးဆောင်တဲ့ JV အဖွဲ့ကို လက်မှတ်ရေးထိုးချုပ်ဆို ပြီးခန့်အပ်သည်။

၂၀၁၈ ခုနှစ်

  • ဇန်နဝါရီလ ၂၀၁၈ - ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ အကူအညီရရှိရန် သဘောတူညီမှုရယူခဲ့သည်။

၂၀၂၀ ခုနှစ်

  • မေလ ၂၀၂၀ - COVID-19 ကပ်ရောဂါကြောင့် မီးရထားဝန်ဆောင်မှုများကို ယာယီရပ်ဆိုင်းခဲ့သည်။
  • အောက်တိုဘာလ ၂၀၂၀ - COVID-19 ကပ်ရောဂါအခြေအနေ တည်ငြိမ်လာသည်နှင့်အမျှ မီးရထားဝန်ဆောင်မှုများကို ပြန်လည်စတင်ခဲ့သည်။

၂၀၂၁ ခုနှစ်

  • ဖေဖော်ဝါရီလ ၂၀၂၁ - နိုင်ငံရေးအပြောင်းအလဲများကြောင့် မီးရထားဝန်ဆောင်မှုများ ရပ်တန့်ခဲ့ရပြီး၊ ဝန်ထမ်းများလည်း ရပ်နားခဲ့ရသည်။
  • ဇွန်လ ၂၀၂၁ - မီးရထားဝန်ဆောင်မှုများ တဖြည်းဖြည်း ပြန်လည်စတင်ရန် ကြိုးပမ်းခဲ့သော်လည်း အခြေအနေများကြောင့် ခရီးစဥ်များ အပြည့်အဝလည်ပတ်ရန်အခက်အခဲများ ရှိခဲ့သည်။

၂၀၂၂ ခုနှစ်

  • ဇန်နဝါရီလ ၂၀၂၂ - မီးရထားလမ်းပိုင်းများ ပြန်လည်ပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

၂၀၂၄ ခုနှစ်

  • အောက်တိုဘာလ ၁ရက် ၂၀၂၄ - စပိန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် ရန်ကုန်-ပဲခူး ခရီးစဉ်အမှတ် (၁၅) အဆန်နှင့် ပဲခူး-ရန်ကုန် ခရီးစဉ်အမှတ် (၁၆) အစုန်လူစီးရထားတို့ကို စတင်ပြေးဆွဲလျက်ရှိပါသည်။  
  • ဧပြီလ ၂၀၂၄ - မြန်မာ့မီးရထား၏ နှစ်ပတ်လည်အစည်းအဝေးတွင် မီးရထားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
  • နိုဝင်ဘာလ ၂၉ ရက် ၂၀၂၄ ရန်ကုန်မြို့ပတ်ရထားလမ်းတွင်လည်း စပိန်နိုင်ငံမှ ဝယ်ယူထားသော DEMU ရထားသစ်များ စတင်ပြေးဆွဲသည်။

ကိုးကား

  1. Nisbet၊ John (1901)၊ Burma Under British Rule - and Before, v1၊ London: Archibald Constable and Co. Ltd
  2. White၊ Herbert Thirkell (1913)၊ A Civil Servant in Burma၊ London: E. Arnold
  3. Dautremer, Joseph (1913) Burma under British Rule (translated from Dautremer, Joseph (1912) La Birmanie sous le régime britannique: une colonie modèle Guilmoto, Paris, OCLC 250415892) T.F. Unwin, London, page 205, OCLC 9493684full text pp. 194-213 Archived 13 August 2017 at the Wayback Machine. from the online library eBooksRead.com
  4. Kratoska၊ Paul (2001)၊ South East Asian, Colonial History၊ Taylor and Francis
  5. နှစ်တရာပြည့် မီးရထား ၊ ၁၉၇၇ခုနှစ် ၊ စာ၁၉၀-၁၉၅